ရွှေကျင် ၅  ဇူလိုင် 


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကျွဲတဲရပ်ကွက် ကုတင်(၁၀ဝ)ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် မြို့နယ်အဆင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းအကြောင်း အသိပေးဆွေးနွေးပွဲကို ဇူလိုင် ၅ ရက် နံနက် ၉ နာရီက ကျင်းပသည်။ 


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး ကုတင် (၁၀ဝ) ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းက ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရခြင်းအကြောင်းများ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးစောနေဝင်းက ပိုလီယိုရောဂါ လက္ခဏာများနှင့်ကူးစက်ပုံများကို ရှင်းလင်းပြောကြားပေးသည်။ ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏သိလိုသည့် အချက်အလက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းပေးသည်။


အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကျန်းမာရေး ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


ထွန်းထွန်းဇော်(ပြန်/ဆက်)