ဘိုကလေး ၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်(၈)နာရီတွင် ဘိုကလေးမြို့နယ်ရှိ မျက်စိရောဂါဝေဒနာရှင်များအား ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံဟောင်းတွင် အခမဲ့ ကွင်းဆင်းကုသပေးသည်။
"ကျွန်မတို့ကို အခုလို မျက်စိဝေဒနာကို ကုသဆောင်ရွက်ပေးတဲ့အတွက် လာရောက်ကုသပေးတဲ့ ဆရာဝန်ကြီးများကို အထူးပင် ကျေးဇူးတင်ပါတယ်၊ မျက်စိအလင်းရဖို့ အခမဲ့ ကုသပေးတာဟာ ကျွန်မတို့လို မျက်စိဝေဒနာသည် တွေအတွက် များစွာ ဝမ်းသာမိသလို ကုသပေးတဲ့ ဆရာဝန်ကြီးတွေလည်း ကုသိုလ်ထူးတွေ အများကြီးရမှာပါ၊ ကြှီးမှူးဆောင်ရွက်သူတွေ အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်" ဟု မျက်စိဝေဒနာရှင်တစ်ဦးကပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် ဘိုကလေးမြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား လစဉ်အခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိပြီး မျက်စိ ဝေဒနာရှင်များအနေဖြင့် လစဉ် ပထမပါတ် သောကြာနေ့တိုင်း ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံဟောင်းတွင် နံနက်(၈)နာရီမှ (၁၂)နာရီထိ လာရောက် အခမဲ့ကုသနိုင်ကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)


