မအူပင် ၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရာသီတုတ်ကွေးရောဂါ မဖြစ်ပွားရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများကြိုတင်ကာကွယ်နိုင်ရန် ပညာပေး နှိုးဆော်ချက်များကို ဇူလိုင်လအတွင်း အသိပညာပေး လုပ်ငန်းများ နှိုးဆော်ချက်များ ဆောင်ရွက်လျက်ရှိသည်။
ရာသီတုတ်ကွေးရောဂါသည် ကူးစက်မှု မြန်ဆန်ပြီး လေမှတဆင့် နှာစေးချောင်းဆိုးခြင်း၊ အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်ခြင်း၊ ချွဲသလိပ်၊ ခန္တာကိုယ် အရည်ပြားနှင့် အသုံးအဆောင်ပစ္စည်း များမှတဆင့် လျှင်မြန်စွာ ကူးစက်နိုင်သဖြင့် တစ်ဦးချင်းမှစ၍ ကာကွယ်ရန် လိုအပ်ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)


