ရေနံချောင်း ၅  ဇူလိုင်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စုတွင် ၂၀၁၈ ခုနှစ်က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော နွေနှမ်းစိုက်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဝက်လွတ်ကျေးရွာအုပ်စု ကုန်းသောင်ကျေးရွာ ရွာခွဲတာဝန်ခံဦးခင်မောင်ရီ၏ နေအိမ်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများပေးအပ်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

mdn

 

၂၀၁၈ ခုနှစ် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ဝက်လွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူ ၅၄ ဦး၏ နွေနှမ်းစိုက်ဧက ၃၉ ဒသမ ဝ၇ ဧကအတွက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော ငွေကျပ် ၁၉၅၃၅၀ဝ ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူတစ်ဦးချင်းစီအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး

 

mdn