နေပြည်တော် ၅  ဇူလိုင်

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇူလိုင် ၂ ရက်မှ ၃ ရက်အထိ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပျဉ်းဝ စစ်ဆေးရေးစခန်းအနီး၊ ဂုတ်ဝကျေးရွာနှင့်ပျဉ်းဝကျေးရွာကြား၊ နတ်ရေကန်လမ်းဟောင်း မိုင်တိုင် (ဝ/၇)နေရာယာဉ်(၂)စီးပေါ်မှ တရားမဝင်ပျဉ်းကတိုး/ဇောင်းပလွေးခွဲသား (၂ ဒသမ ၅၇၆၂)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ (၃)ဦးအားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သုံးဆယ်-ဆမ္မဆယ်ကျေးရွာကြား၊ ကားလမ်းနံဘေးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား/စကွဲယား (၁၃၅)ချောင်း၊ (၅ ဒသမ ၉၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်

 

mdn