မောင်တော ၅ ဇူလိုင်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကို ဇူလိုင် ၅ ရက်နေ့ ညနေ ၃ နာရီက မြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြူလှက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်က သင်တန်းဖွင့်လှစ်နိုင်ခဲ့မှုအား ရှင်းလင်းကာ နိုင်ငံတကာ သင်တန်းတက်ရောက်ခဲ့မှု အတွေ့အကြုံ ဗဟုသုတများအား ဝေမျှခဲ့သည်။
သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် သင်တန်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင်က သင်တန်းများကိုယ်စား သင်တန်းမှူး ဒု-မီးသတ်ဦးစီးမှူး ဦးဆန်းလှိုင်အား ပေးအပ်ကာ သင်တန်းနည်းပြ ဆရာများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှ၊ ခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ဌာနချုပ်) သင်တန်းအရာရှိ ဦးအုန်းသွင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ၊ ကြက်ခြေနီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သက်လွင်စိုး(ပြန်/ဆက်)


