နေပြည်တော် ၅ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် Bloom Sky Co.,Ltd ၏ CEO ဦးမျိုးအောင်နှင့် Thai Business Association of Myanmar ၏ အထူးအကြံပေးအရာရှိ Mr. Chuchart Mektrakarn ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Bloom Sky Co.,Ltd မှ ဆောင်ရွက်နေသည့်ကစ္စရပ်များ၊ ပြန်ကြား ရေးဝန်ကြီးဌာနနှင့် မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


