စစ်ကိုင်း ၆  ဇူလိုင်

 

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးတွင် (၃၄)ကြိမ်မြောက် မဟာပဌာန်းရွတ်ဖတ် ပူဇော်ခြင်းနှင့် သံဃာအပါး(၇၀ဝ)တို့အား ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါ ဘုရားကြီးရင်ပြင်တော် အရှေ့ဘက်မုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဆွမ်းဦးပုညရှင်ဘုရားကြီး၏ သြဝါဒဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့တော်အထောက်အကူပြုအဖွဲ့များ၊ မြို့မိ/ မြို့ဖများ၊ ဘုရားဂေါပက ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ရပ်ဝေး/ ရပ်နီးမှ အလှူရှင် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညိုကြပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြကာ လှူဖွယ်ပစ္စည်းအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ (၃၄)ကြိမ်မြောက် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

 

" နှစ်စဉ်ကျင်းပလာတာ အခုဆို(၃၄)ကြိမ်မြောက်ရှိခဲ့ပါပြီ အခုလည်း(၈)ညအိပ်၊ (၉)ရက်တိုင်တိုင် ပဌာန်းရွတ်ဖတ်ပူဇော်သွားမှာပါ ဘုရာဖူးပြည်သူတွေ လွယ်ကူစွာကြည်ညိုသဒ္ဓါပွားနိုင်အောင်လည်း ဘုရားကြီး ရင်ပြတော်ပေါ်မှာပဲ စီစဉ်ဆောင်ရွက်ပေးထားပါတယ် ပဌာန်းသိမ်းအောင်ပွဲကိုလည်း စည်ကားစွာကျင်းပသွားမယ်ပြီးရင် စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်အပါး(၇၀ဝ)ကိုလည်း ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပေးသွားမှာပါ " ဟု ဆွမ်းဦးပုညရှင် ဂေါပကဥက္ကဋ္ဌ ဦးစိုးဝင်းကပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN