ငဖဲ  ၆   ဇူလိုင် 

 

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် ငဖဲမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာအုပ်စု ငလှိုင်တောကျေးရွာ၌ စိုက်ပျိုးရန်အတွက် အိမ်ထောင်စု ၁၄၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ယူကလစ်ပျိုးပင် ၂၀ ပင်နှုန်းဖြင့် ၂၉၂၀ ပင်၊ အိမ်ထောင်စု တစ်စုလျှင် ကျွန်းသုံးပင် နှုန်းဖြင့် ၄၃၈ ပင်၊ စုစုပေါင်းပျိုးပင် ၃၃၅၈ ပင်ကို ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးလွင်ထွန်းနှင့် ဝန်ထမ်းများ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး ခွန်ဗီရှင်းရှိုစိန် တို့က ဇူလိုင်လ ၅ ရက်နေ့ညနေပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)