ရန်ကုန် ၆ ဇူလိုင်

 

ပြည်သူများ စာပေဖတ်ရှု့လေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်လျက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်) Book Club ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင်(၆)ရက်နံနက်(၁၀)နာရီတွင် ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန ၌ကျင်းပသည်။

 

ရှေးဦးစွာ သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက မိတ်ဆက်စကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသူ ဦးဇာနည်တင် (MCC-သန်လျင်)က စာရေးဆရာ မောင်မင်းစိုး ရေးသားသည့်``လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ်´´ စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးရာ တက်ရောက်လာကြသောမြို့နယ် စာရေးဆရာအသင်း၊ စာပေချစ်မြတ်နိုးသူများအဖွဲ့၊ စာကြည့်တိုက်တာဝန်ခံများ၊ ဌာနဆိုင်ရာများနှင့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သန်းဝင်း (သန်လျင်)