မိုးနဲ ၆ ဇူလိုင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ကြီး) FDA မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ကြီး) FDA မှ ဒေါက်တာ ရွဲနှင်းဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန် တို့ပူးပေါင်းအဖွဲ့ဝင်များက သက်တန်းလွန်ဆေးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် မရှိသောဆေးများ၊ ထိန်းချုပ်ဆေးဝါးများ ရောင်းချမှုမရှိစေရေး အသိပညာပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ)


