မိုင်းယု  ၆   ဇူလိုင် 

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထောက်အကူပြု (ဒုတိယအကြိမ်) လူထုစုပေါင်းပါဝင်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၆ ရက်၊ နံနက် ၈ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သည့် မြို့မရပ်ကွက်၊ တာကြန့်၊ ဒွန်းနွဲ့၊ မိုင်းလွေကျေးရွာအုပ်စုများရှိ သတ်မှတ်နေရာတို့၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုအုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် မိုင်းယောင်း-မိုင်းယုဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၅၀ ဦးတို့ဖြင့် ကျွန်းပင် ၅၀ဝ နှင့် မယ်ဇလီပင် ၂၅၀ စုစုပေါင်းပျိုးပင် ၇၅၀ကို သတ်မှတ်နေရာအသီးသီးတို့၌ တပျော်တပါးစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)