မြိတ် ၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ဇူလိုင်လ (၆)ရက် နံနက်(၁၀) နာရီက နည်းပညာတက္ကသိုလ်(မြိတ်) ရွေပါရမီသွေးလှူရှင်အသင်းနှင့် ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ တက္ကသိုလ် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၅၈)ဦးမှ အာဇာနည်နေ့အကြို စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
“ သွေးလှူဒါန်ခြင်းကို အာဇာနည်နေ့အကြိုအဖြစ် နည်းပညာတက္ကသိုလ်(မြိတ်)မှ ကျောင်းသား/ကျောင်းသူနှင့် ဆရာမများက သွေးလိုအပ်နေသူများ အသုံးပြုနိုင်ရေးအတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ တက္ကသိုလ်အနေဖြင့် တစ်နှစ်ကို နှစ်ကြိမ်လှူဒါန်းဖြစ်ပါတယ်။ ယခုနှစ်တွင် ပြည်ထောင်စုနေ့မတိုင်မီတစ်ကြိမ် လှူဒါန်းခဲ့ပြီး ယခုတစ်ကြိမ် စုစုပေါင်း(၁၂)ကြိမ်ရှိပါပြီ” ဟု နည်းပညာတက္ကသိုလ် လက်ထောက်ကထိက ဆရာမ ဒေါ်မီမီဆွေ က ပြောသည်။
စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ စုပေါင်းလှူဒါန်းထားသည့် ကြက်ဥ၊ အာဟာရမုန့်များ၊ အချိုရည်၊ ငှက်သိုက် စုစုပေါင်း(၉)မျိုးကို တာဝန်ရှိသူများ က ပေးအပ်ခဲ့ကြပြီး သွေးလှူဘဏ်မှ သွေးလှူဒါန်းသူများကို သွေးအားတိုးဆေးများ ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


