နေပြည်တော် ၆ ဇူလိုင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၌ တစ်ပြိုင်တည်း ကျင်းပစိုက်ပျိုးသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ဒုတိယရဲချုပ်များနှင့် ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ တက်ရောက်ပြီး ပတ်ဝန်းကျင်သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ကျွန်းပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်းပျိုးပင် (၁၂၀ဝ)ကျော်တို့အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


