ဘုတလင် ၆ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း မဟာဗန္ဓုလခန်းမ၌ ဇူလိုင် ၆ ရက် နံနက်(၈)နာရီက လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဇော်က လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုရေး၊ ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုထိန်းသိမ်းခြင်းများ အကြောင်းနှင့် ကျေးရွာအုပ်စုလူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က သင်တန်းသားများအား အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဇော်ဝင်းက မိတ်ဆက်စကား ပြောကြားခဲ့သည်။

 

mdn

 

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်၊ မြို့နယ်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)