သာပေါင်း ၇ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သာပေါင်းမြို့နယ် သံပုရာချောင်ကျေးရွာနှင့် အင်းကလေးကျေးရွာတို့မှ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင်ကျေးရွာတွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၂)လုံးနှင့် ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာ၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၀ဝ၀ဝ၀)ကျပ်၊ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၂၆၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂)အိမ်ထောင်စုစာ (၇၄၇၀၆)ကျပ်တို့ကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လေဘေးသင့် မိသားစုများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)


