မင်းဘူး     ၈    ဇူလိုင်    


သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ မင်းဘူး(စကု) မြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို  ယမန်နေ့ ညနေ (၃)နာရီအချိန်က မင်းဘူး (စကု) မြို့နယ်၊ တဲကုန်းကျေးရွာတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းဘို၊ ခရိုင်ပြန်ဆက်ဦးစီးအရာရှိ ဦးသန်းဌေးနှင့် တဲကုန်းကျေးရွာ တာဝန်ခံ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်တို့က ပျိုးပင်များအား ကျေးရွာသူ/သားများထံ အသီးသီးပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ/ ကျေးရွာသားများက သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တဲကုန်းကျေးရွာရှိ တစ်အိမ်ထောင်လျင် ကျွန်းပင် (၃) ပင်နှုန်းဖြင့် အိမ်ခြေ (၁၁၀) အတွက် (၃၃၀) ပင်၊ တစ်အိမ်ထောင်လျင် သစ်မာပင်(၂၀) ပင်နှုန်းဖြင့် အိမ်ခြေ (၁၁၀) အတွက် (၂၂၀ဝ) ပင်၊ ကျေးရွာဘက်စုံသုံး စိုက်ခင်းတစ်ဧကတွင် သစ်မာပင် (၆၀ဝ) ပင်၊ စုစုပေါင်း(၃၁၃၀) ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မင်းဘူး(စကု)မြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့က မင်းဘူး (စကု) မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝန်းတွင် အရိပ်ရအပင်ပေါင်း (၁၁၁၀) အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မျိုးမြတ်(မင်းဘူး)