နေပြည်တော် ၈ ဇူလိုင်
(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာအုပ်စု၊ နန်းသြကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် နန်းသြကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီက အာဇာနည်ခေါင်းဆောင်ကြီးကိုးဦး၏ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီခဲ့ပြီး ကျောင်းသား/ကျောင်းသူလေး များ၏ မေးမြန်းချက်ကို အကျယ်တဝင့် ပြန်လည်ရှင်းပြပေးခဲ့သည်။ ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများက ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်တစ်စား ကြည့်ရှုခဲ့သည်။
အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်မြစန်းရီ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


