ဇလွန် ၈ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဓနုဘေးကျေးရွာအုပ်စု ရွာမကျေးရွာ၊ ဖားလက်ခိုကျေးရွာအုပ်စု ဖားလက်ခိုကျေးရွာနှင့် ပကွဲရေလဲကျေးရွာတို့တွင် ယနေ့နံနက် ၇ နာရီ ခွဲက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ နေအိမ်လေးလုံး ပြိုလဲခဲ့ပြီး နေအိမ်ခြောက်လုံး အမိုးလန်၍ စုစုပေါင်း လူနေအိမ် (၁၀)လုံး လေဘေးသင့်ဒဏ်ခံရမှုများဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


