ရေး    ၈   ဇူလိုင်    

 

မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ဓမ္မဆိပ်ရွာတွင် ယနေ့နံနက် ၅ နာရီက လေပြင်းတိုက်ခတ်ပြီး လူနေအိမ်များပေါ်သို့ သစ်ပင်လဲကျသဖြင့် နေအိမ်များပျက်စီးမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါပျက်စီးသွားသော နေအိမ်များပေါ်ရှိ သစ်ပင်များကို ရွာရှိအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ ရွာသားများက ခုတ်ထွင်ရှင်းလင်းပေးခဲ့ပြီး လူများထိခိုက်ဒါဏ်ရာရရှိမှုမရှိ  ကြောင်း သိရသည်။

 

အောင်ဖြိုး(ပြန်/ဆက်)