၈ ဇူလိုင်
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် အစိုးရထောက်လှမ်းရေးရုံးတစ်ရုံးကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။
Ghazni ပြည်နယ် ရှိ အစိုးရထောက်လှမ်းရေးရုံးအနီးတွင် ယမန်နေ့က ပေါက်ကွဲစေတတ်သည့် အရာများဖြင့်ထည့်ထားသည့် ကားတစ်စီးကို ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုဖြစ်ပွားရာနေရာတွင် စာသင်ကျောင်းများနှင့် လူနေအိမ်များရှိကြောင်းနှင့် ဒဏ်ရာရသူများမှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ၎င်းတို့က ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများတွင် အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားများပါဝင်ပြီး ကလေးအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ တာဝန်ရှိသူများက ဆိုသည်။
ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ် တနင်္လာနေ့က ကဘူးလ်မြို့ ဗုံးဖောက်ခွဲမှုသည်လည်း ၎င်းတို့လက်ချက်ဖြစ်သည်ဟု တာလီဘန်တို့က ပြောကြားခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို