ကန်ကြီးထောင့် ၉ ဇူလိုင်
ကျောင်းသား လူငယ်လေးများ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရေး ရည်ရွယ်လျက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင်ကျင်းပမည့် "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း (Public Talk)ကို ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် အ.ထ.က (ဘဲဂရက်) ကျောင်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လေးမြင့်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဆွေ၊မြို့နယ်ဥပဒေအရာရှိ ဒေါ်ဖြူဖြူသင်း၊ ဦးအောင်မိုး (ကျောင်းအုပ်ကြီး၊အ.ထ.က(ခွဲ)သဘော့ငူ)နှင့်ဦးစိုးအောင်(လက်ထောက်ကျန်းမာရေးမှူး-ဒါးက)တို့မှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
နန်းထိုက် (KGD)


