တွံတေး  ဇူလိုင်  ၉


ပြည်သူများ ရာသီတုပ်ကွေး(H1 N1 pdm 09)နှင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး ရာသီတုပ်ကွေးH1N1 pdm09 လေထုထဲမှတစ်ဆင့် ကူးစက်တတ်သောရောဂါအကြောင်း သိရှိနားလည်ပြီး ကျန်းမာရေးနှင့် အညီ နေထိုင်စားသောက်တတ်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဇူလိုင် ၉ ရက်နံနက် ၈ နာရီက ရာသီတုပ်ကွေး အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်အတွင်းရှိ လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊လမ်းဆုံလမ်းခွများ ၊အ.ထ.က(၁)၊ အ.ထ.က(၂)နှင့်အ.ထ.က(ခွဲ)ကျွန်းတောကျောင်းများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် ရာသီတုပ်ကွေးနှင့် ပတ်သတ်၍ လူတစ်ဦးကိုတစ်ဦး ကူးစက်တတ်သော နည်းလမ်းများ မကူးစက်နိုင်အောင်ကာကွယ်နည်းများ၊ ရောဂါဖြစ်ပွားတတ်သည့် အသက်အပိုင်းအခြားများ၊ ရာသီတုပ်ကွေးမှတစ်ဆင့် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ပွားမှုများ၊ ရောဂါဖြစ်ပွားပါက ကုသနည်းများ၊ တစ်ကိုယ်ရေ သန့်ရှင်းစွာနေထိုင်ခြင်းများအကြောင်း ကျောင်းစာသင်ခန်းများအထိ တာဝန်ရှိသူများကအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရှိရသည်။


မျိုးလှိုင်(တွံတေး)