စဉ့်ကူး  ၉  ဇူလိုင် 
    

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့သည် ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ ကျေးရွာပြည်သူများ ဥပဒေဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းကို ဇူလှိုင် (၇)ရက် မွန်းလွဲ ၂ နာရီက ရွာသစ်ကလေးကျေးရွာ အောင်ချမ်းသာမြတ်စွာဘုရာ ဇောတိက ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    

ဆက်လက်၍ ဥပဒေဆိုင်ရာ သိကောင်းရာများကို မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ထားအိစံမှ လည်းကောင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို အဖွဲ့ဝင် ဦးခင်မောင်သိန်းမှ လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောကြ သည်။
    

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည့် ဥပဒေဆိုင်ရာကိစ္စရပ်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် မေးကြမယ်၊ ဖြေကြမယ် အစီအစဉ် ပြုလုပ်ကာ မှန်ကန်စွာဖြေကြားနိုင်သူ (၅)ဦးအား ဆုလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား လူကုန်ကူးမှုဆိုင်ရာများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ အလားတူ ဥပဒေဆိုင် အသိပညာပေးဟောပြောခြင်းကို ဆီဆုံကျေးရွာတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


                                                                                             
မင်းဇော်ဦး(ပြန်/ဆက်)

 

1