၉ ဇူလိုင်
သံသယရှိသူများကို တရုတ်ပြည်မကြီးတွင် တရားရင်ဆိုင်ရန် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဆက်မလုပ်တော့ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ပြောဆိုသည်။
ထိုဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အစီအစဉ်မရှိကြောင်းနှင့် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းသည် အသုံးမဝင်တော့ကြောင်း Carrie Lam က ထပ်လောင်းပြောကြားခဲ့သည်။
လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် ဥပဒေမူကြမ်းဟု ဝေဖန်သူများကဆိုသည့် အငြင်းပွားဖွယ်ရာ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုများ ရက်သတ္တပတ် ကြာမြင့်ပြီးနောက် ယခုလို ပြောဆိုလာခြင်း ဖြစ်သည်။
ဟောင်ကောင်အစိုးရသည် ထိုဥပဒေမူကြမ်းကို ပြီးခဲ့သည့်ဇွန်လက အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့သော်လည်း ၎င်းမူကြမ်းကို လုံးဝဖျက်သိမ်းပေးရန်အတွက် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆက်လက်ဆန္ဒပြခဲ့ကြသည် ဟု Carrie Lam က ဆိုသည်။
အဆိုပါ ဆန္ဒပြပွဲများသည် ရဲတပ်ဖွဲ့နှင့် ထိုဥပဒေပြုလွှတ်တော်ရှိ ဆန္ဒပြသူ အချို့နှင့်အတူ တက်ကြွလှုပ်ရှားသူများ အကြား ပဋိပက္ခများဖြစ်ပွားမှုကို ဦးတည်စေခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို