၉ ဇူလိုင်
အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်က သတ်မှတ်ထားသော ယူရေနီယမ် သန့် စင်မှုကန့်သတ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က အတည်ပြုပြောကြားလိုက်သည်။
သဘောတူညီချက်အရ သတ်မှတ်ထားသော ကန့်သတ်ချက် ၃ ဒသမ ၆၇ ရာခိုင်နှုန်းအထက် ယူရေနီယမ် သန့်စင်နေကြောင်း၊ ယူရေနီယမ် သန့်စင်မှုအဆင့်ကို ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း အီရန်နိုင်ငံက ဇူလိုင်လ ၈ ရက်တွင် ကြေညာခဲ့သည်။
စစ်ဆေးရေးမှူးများက အီရန်နိုင်ငံ၏ ကြေညာချက်ကို မှန်ကန်ကြောင်း အတည်ပြုခဲ့သည်ဟု ဇူလိုင်လ ၈ ရက်နှောင်းပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီး အေ) က ကြေညာခဲ့သည်။
အီရန်နိုင်ငံ၏ ကြေညာချက်နှင့်ပတ်သက်၍ ဆွေးနွေးရန် အိုင်အေအီးအေက ဇူလိုင်လ ၁၀ ရက်တွင် အ ရေးပေါ် ဘုတ်အဖွဲ့ အစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်သည်။
အီရန်နိုင်ငံ၏ချိုးဖောက်မှုက နျူကလီးယား သဘောတူညီချက်ကို စောင့်ထိန်းရာမရောက်သလို အီရန်ပြည်သူများအတွက် စီးပွားရေးအရ အကျိုးကျေးဇူးမဖြစ်စေကြောင်း စောစောပိုင်းတွင် ကုလသမဂ္ဂ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောကြားခဲ့သည်။
နျူသဘောတူညီချက်မှ နှုတ်ထွက်ခဲ့သည့် အမေရိကန်နိုင်ငံ၏ ပြင်းထန်သော ပိတ်ဆို့မှုများကြောင့် ယင်း သဘောတူညီချက်အရ ကတိပြုထားသော စီးပွားရေး အကျိုးကျေးဇူးများ မရရှိကြောင်း အီရန်နိုင်ငံက ပြောကြားသည်။
ကိုးကား--အန်အိတ်ချ်ကေ
ဘာသာပြန်- မေဇော်ထက်