မော်လမြိုင် ၉ ဇူလိုင်   


မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။


ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာမျိုးထက်မှ မြို့နယ်အတွင်း လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာများသို့ သွားရောက် ကောက်ယူဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဆွေက နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များအကြောင်း ရှင်းလင်းဆွေးနွေးကြသည်။ 


ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးစိုးမိုးနိုင်က စာရင်းကောက်ယူရေး၊ အချက်အလက်စုဆောင်းရေး၊ မဲဆန္ဒရှင်စာရင်းများအား သတ်မှတ်ထားသည့်ကာလ ပြီးစီးနိင်ရေး ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြကြောင်း မြို့နယ်ပြန်ဆက်မှ သိရှိရသည်။


MDN