နေပြည်တော်  ၉ ဇူလိုင် 


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ  သိနားလည်မှုသင်တန်း အမှတ်စဉ်(၁)ကို  နေပြည်တော်ရှိ အဆိုပါဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း(ဒက္ခိဏ)၌  ဒုတိယနေ့အဖြစ် ယနေ့ နံနက်က ဆက်လက်ဆွေးနွေး ပို့ချလျက်ရှိသည်။


သင်တန်း ဒုတိယနေ့တွင် ICT မိတ်ဆက်ရှင်းလင်းခြင်း၊ Mobile Applications ဆိုင်ရာများ၊ email ပေးပို့ခြင်းဆိုင်ရာများနှင့် Contacts, group, Signature , Search mail, Google Drive, Cloud System ဆိုင်ရာ ဆောင်ရွက်နိုင်မှုများကို  Myanmar  Book Aid and Preservation Foundation(MBAPF)မှ သင်တန်းဆရာများက ပို့ချပေးလျက်ရှိပြီး၊သင်တန်းသားများက သိရှိလိုသည့် နည်းပညာဆိုင်ရာများကို ပြန်လည်ဆွေးနွေးမေးမြန်းရာ သင်တန်းနည်းပြဆရာများ က ရှင်းလင်းပြသပေးသည်။


အဆိုပါ သင်တန်းအား ဇူလိုင်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ  သတင်းရေးသားထုတ်ပြန်ခြင်းအပြင် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု( Media  and  Information  Literacy- MIL)၊ ရွေးကောက်ပွဲဆိုင်ရာ သိနားလည်မှု (Electoral Literacy)နှင့် ဒီဂျစ်တယ်ပညာသိနားလည်မှု(Digital Literacy)တို့ကို  ဘာသာရပ်များ အလိုက်  ကျွမ်းကျင်သည့်  သင်တန်းဆရာများက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ဝေဖြိုးလေး(ပြန်/ဆက်)