ဒေးဒရဲ ၉ ဇူလိုင် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊ အမှတ်(၂)နှင့် မြို့မကျောင်းများရှိ ကျောင်းသူ (၁၆)ဦးတို့က အာဇာနည်နေ့နှင့် ကျွန်ုပ်အတွေး ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ပြသထားသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဇူလိုင်လ (၁၇)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)