တိရန်ဂျင် ၉ ဇူလိုင်

 

အမ်(မ်) အက်(စ်) စီ ဂလူဆန် (MSC Gulsun) အမည်ရှိ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောသည် ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်နိုင်ငံမြောက်ပိုင်းရှိ အဓိကကျသည့် တိရန်ဂျင် ဆိပ်ကမ်းမှ ဥရောပ အနောက်မြောက်ပိုင်းကို စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်္ဘောဟာ တန်ချိန် ၂၂၄,၉၈၆.၄ တန် အထိ တင်ဆောင်နိုင်ပြီး အလျား ၂၀ ပေ ၊ အကျယ် ၈ ပေ၊ အမြင့် ၈ ပေ ၆ လက်မရှိသည့် ကိန်တိန်နာအလုံးပေါင်း ၂၃,၇၅၆ လုံး သယ်ဆောင်နိုင်ကြောင်း Mediterranean Shipping Company (MSC) မှ မန်းနေးဂျင်း ဒါရိုက်တာ ဂျွန်နသန် ဇူး ထံမှ သိရသည်။

 

သင်္ဘောသည် ၃၉၉.၉ မီတာရှည်ပြီး၊ သင်္ဘောဝမ်း အကျယ် ၆၁.၅ မီတာရှိသည်။ ဥရောပ အနောက်မြောက်ပိုင်းသို့ မရောက်ခင် ချင်းဒေါင်၊ ရှန်ဟိုင်း၊ အယ်လ်ဂျာဇီးယပ်စ်၊  ကလင်နင်ဂဒ်၊ ရော့တာဒမ် ဆိပ်ကမ်းများကို ဝင်ရောက်မည်ဖြစ်သည်။  ပထမဆုံး ခရီးစဉ်မှာ သံမဏိ၊ ပရိဘောဂပစ္စည်းများ နှင့် ဓာတုပစ္စည်းများ ပါဝင်ကြောင်းသိရသည်။  သင်္ဘောကို  ကိုရီးယားနိုင်ငံ ဆမ်(မ်)ဆောင်း လုပ်ငန်းစုလက်အောက်ရှိ Samsung Heavy Industries မှ တည်ဆောက်ပေးခြင်းဖြစ်သည်။

 

စတင်ထွက်ခွာခဲ့သည့် တိရန်ဂျင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကကျသည့် တံခါးပေါက်တစ်ခုဖြစ်သည်။  ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင်လည်း အဓိကကျသည့်  အခန်းကဏ္ဍမှ ပါဝင်နေပြီး နိုင်ငံပေါင်း ၁၈၀ ကျော်နှင့် ကုန်သွယ်ရေး ချိတ်ဆက်ထားသည့် ဆိပ်ကမ်းလည်းဖြစ်သည့်အတွက် သင်္ဘော၏ ပထမဆုံး ခရီးစဉ်ကို အဆိုပါ ဆိပ်ကမ်းမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

SMZaw(MDN)
Source> Xinhua