ဘီးလင်း ၉ ဇူလိုင်

 

ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကွပ်ကဲရေးရုံးကို ဘီးလင်းမြို့ သာသနာ့ဗိမာန်တော်တွင် ယနေ့စတင်ဖွင့်လှစ်ခဲ့ပြီး မြို့ပေါ် ကယ်ဆယ်ရေးစခန်း (၄)ခုကိုလည်း ယနေ့နံနက်တွင် ဖွင့်လှစ်လိုက်ကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

စဒသု

 

ဘီးလင်းမြစ်ရေသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲ တိုင်းတာချက်အရ (၉၈၅)စင်တီမီတာသို့ ရောက်ရှိနေပြီး ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၀၂၂)စင်တီမီတာဖြစ်ကြောင်း သိရသည်။

 

ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးသည် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပြီး အနိမ့်ပိုင်းတွင် နေထိုင်သော မိသားစုများကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်-မော်လမြိုင် လမ်းမကြီး ဘီးလင်းလမ်းပိုင်း အဆင်ပြေစွာသွားလာနိုင်ပြီး ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်)နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနာ (အ.မ.က)၊ ရွှေလှေ(အ.မ.က) ကျောင်း (၃)ကျောင်းကို ယနေ့ စပိတ်ထားကြောင်း သိရှိရသည်။

 

ုစ၀

 

မွန်ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ယခင်နှစ်မှတ်တမ်းများအရ ရေကြီးနစ်မြုပ်ခဲ့ပြီး သွားလာရေးပြတ်တောက်ခဲ့သော ဘီးလင်းမြို့နယ်၊ ကျေးရွာအုပ်စု (၁၀)အုပ်စုသို့ ရိက္ခာကြိုတင်ထောက်ပံ့ရေး အစီစဉ်လျက်ရှိရာ ယနေ့တွင် ရင်းအုံ၊ အဟုံးဝ၊ ကတီပု၊ ဒညင်းကုန်းကျေးရွာများသို့ ရိက္ခာ (ဆန်)များ (၇)ရက်စာ ပေးပို့ခဲ့ပြီး ဆက်လက်၍ ကျန်ရှိသည့် မဲလံခေါင်း၊ ကျားကွင်း၊ နတ်ကြီး၊ ပီတိ၊ မဲပလီ၊ ဘုရားဆိပ် ကျေးရွာများသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ရိက္ခာထောက်အဖြစ် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့် ပစ္စည်း (၆)မျိုးကို ပေးပို့သွားမည်ပြီး ကွပ်ကဲရေးရုံးဖုန်းဖြစ်သည့် ဝ၉-၈၉၇၉၂၈၀၅၄ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရှိရသည်။

 

MDN