နေပြည်တော် ၉ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K. Udas အား ယနေ့နံနက် ၁၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လာမည့်နှစ်တွင် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် စတင်ထူထောင်သည့် နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်မည့်ကိစ္စ၊ နှစ်နိုင်ငံအစိုးရများအကြား မီဒီယာနှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံပြည်သူများ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်


