နေပြည်တော် ၉ ဇူလိုင် 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

1111

 

ဆက်လက်၍ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုငွေနှင့် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေများအား ရဲချုပ်နှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထောက်ပံ့သည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။    

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းသား/သမီးများမှ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှု ၃၄ ဒသမ ၈၄ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိမှုအနေဖြင့် (၆)ဘာသာ (၁၀)ဦး၊ (၅)ဘာသာ (၁၉)ဦး၊ (၄)ဘာသာ (၁၉)ဦး၊ (၃)ဘာသာ (၂၆)ဦး၊ (၂)ဘာသာ (၅၂)ဦး၊ (၁)ဘာသာ (၁၇၄)ဦး စုစုပေါင်း (၃၀ဝ)ဦးရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်