နေပြည်တော် ၉ ဇူလိုင်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများရေးရာကိစ္စ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆောင်ရွက်ပေးနေမှု၊ နှစ်နိုင်ငံအကြား တိုင်းရင်းသားရေးရာများကို အပြန်အလှန်ဖလှယ်မှု နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများ မျှဝေသွားမည့်အခြေအနေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတိုးတက်မှုများ ရရှိနေမှု၊ ရခိုင်ပြည်နယ်အပါအဝင် ပြည်တွင်းငြိမ်းချမ်းမှုအတွက် တရုတ်နိုင်ငံဘက်မှများစွာ ကူညီဆောင်ရွက်ပေးနေမှုနှင့် ရခိုင်ပြည်နယ်တွင်နေထိုင်သော တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွေက်ဆောင်ရွက်ပေးနေမှု၊ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများနှင့် အချုပ်အခြာအာဏာပိုင်မှုကို အလေးထားဆောင်ရွက်နေမှု၊ စစ်မှန်သောဆွေမျိုးပေါက်ဖော်သဖွယ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေမှုမှသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်


