မတ္တရာ ၁၀ ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက အထက(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦဇော်မင်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးဝေမှ ပညာရေးဆိုင်ရာ ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမမကြီး ဒေါ်မိုးကေသီကျော်မှ ကျောင်းဖွံ့ဖြိုးမှုနှင့် စည်းကမ်းဆိုင်ရာ အချက်အလက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဇော်မင်းလွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မိဘဆရာအသင်း နာယကတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ)