သံတောင်ကြီး ဇူလိုင် ၁၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့ မူလွန်အမှတ်(၃)ကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဘုရင့်နောင် တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျောင်းသားကျောင်းသူများအား ယနေ့နံနက် (၉)နာရီမှစ၍ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းသားကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများစစ်ဆေးခြင်း၊ သွားပိုးစားသူများအား သွားနုတ်ပေးခြင်း၊ မိုးရာသီကာလတွင် ကျောင်းသားကျောင်းသူများ အဖြစ်များသော နှာစေးချောင်းဆိုးခြင်း တုပ်ကွေးရောဂါဖျားနာခြင်းများကို စစ်ဆေးပေးခဲ့ကြသည်။
ထိုသို့ဆေးကုသမှုဆောင်ရွက်နေစဉ် ဘုရင့်နောင်တပ်နယ်မှဒုကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကြည်တိုက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးနေလင်းအောင် အမှတ်(၃)အုပ်ချုပ်ရေးမှူး ဦးတီးတူယေရှုတို့က လာရောက်ကြည့်ရှုကာ ကျောင်းသားကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သံတောင်ကြီး(ပြန်/ဆက်)


