လောင်းလုံး ၁၀ ဇူလိုင် 
     

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
     
 
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးဝါ က အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ သက်ငယ်မုဒိမ်း ပပျောက်ရေးအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
      

အဆိုပါ ဟောပြောပွဲသို့ (က)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
      

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ နှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

                                                    
မိုးဝါ(ပြန်/ဆက်)

 

1