ပခုက္ကူ ၁၀ ဇူလိုင်
ပခုက္ကူမြို့၊ ပေါက်လမ်းမကြီးနှင့် ထင်းတန်းလမ်းထောင့်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စတစ်ကာများကို မော်တော်ကား ဆိုင်ကယ်များအား ကပ်ပေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
အဆိုပါ ဖြန့်ဝေခြင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဖြစ်ပွားပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လိပ်စာများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များနှင့် အသိပညာပေး စတစ်ကာများကို ပြည်သူများထံဖြန့်ဝေကြသည်။
ယခုလိုဖြန့်ဝေခြင်းသည် လူကုန်ကူးမှုမခံရစေရေး၊ လူကုန်ကူးမှုဖြစ်ပွားပါက အလျင်အမြန် ချိတ်ဆက် ဆောင်ရွက်နိုင်စေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်ပြီး ယာဉ်တိုက်မှုလျော့ပါးစေရေးတို့ကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးလင်းသူအောင် (Guardian netwok) ထံမှ သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များနှင့် စတစ်ကာကပ် အသိပညာပေးပွဲကို ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဂါးဒီးယန်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လူဦးရေ ၁၅၀ဝ ကျော်အား အသိပညာပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


