၁၀ ဇူလိုင်

 

ထိုင်းရုပ်သံဌာနက ထိုင်းနိုင်ငံ မြောက်ပိုင်း Tak ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှု ၊ မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ကျောင်းသားများနှင့် ဆရာများ သောင်တင်နေခဲ့ပုံကို ယမန်နေ့က  ပြသခဲ့သည်။

 

Tak ပြည်နယ် Tha Song Yang ခရိုင်  ကျေးရွာများရှိ တာင်ထူထပ်သော မြေတွင် ရုတ်တရက် သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ဆရာများနှင့် ကျောင်းသားများ အယောက် ၂၀ ကျော် သောင်တင်နေပုံကို ၎င်း ရုပ်သံတွင် ပြသခဲ့သည်။

 

လမ်းရှင်းပစ္စည်းကိရိယာများ အသုံးပြုကာ ရှင်းလင်းရေးလုပ်ဆောင်ရန် ထိုကျေးရွာရှိ စာသင်ကျောင်းသို့ ကယ်ဆယ်ရေးသမားများနှင့် လုပ်သားများ အပူတပြင်း သွားရောက်လုပ်ဆောင်နေပုံကို ရုပ်သံလွှင့်ပြသခဲ့သည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းသဖြင့် သောင်တင်နေသော ဆရာနှင့် ကျောင်းသားများသည် သိုင်းကြိုးဝတ်ဆင်ပြီး ကြိုးတစ်ချောင်းကို တွယ်ကပ်ကာ လိုက်ပါစေခြင်းဖြင့် မြင့်မားသောကုန်းမြေပေါ်သို့ ကယ်ဆယ်ရေးလုပ်သားများက ဆွဲတင်ခဲ့ကြကြောင်း ဖော်ပြထားသည်။

 

ရွှံ့ နှင့် အပျက်အစီး အစအနများ ပိတ်ဆို့နေသည့် လမ်းရှင်းပစ္စည်းကိရိယာများ အသုံးပြုကာ လမ်းများကို ရှင်းလင်းရန် ကယ်ဆယ်ရေးလုပ်ငန်းများတွင် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ လုပ်ဆောင်နေပုံကိုလည်း  ပြသထားသည်။

 

ဇူလိုင် ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း  ထိုင်းပင်လယ်ကွေ့၊ အရှေ့၊ အရှေ့မြောက်နှင့် မြောက်ဘက်မြေနိ်မ့်ပိုင်းတို့ကို ဦးတည်ပြီး အရှေ့တောင်လေ တိုက်ခတ်မည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးတားမြစ်ခဲ့ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို