ဖောင်းပြင် ၁၀ ဇူလိုင် 


၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် အပြည့်အဝ ရရှိစေရန်အတွက်  လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


သင်တန်းတွင်  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီစော၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဖြိုးဝေကျော်၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ဦးစီးမှူး ဦးစည်သူကျော်တို့က ရွေးကောက် ပွဲတွင် လိုအပ်မည့် အခြေခံလူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ စံနှုန်းသတ်မှတ် ခြင်းနှင့် ယာယီ အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်း၊ ကွန်ပျူတာ စာရင်းသွင်း ပြုစုခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖွင့်လှစ်သော လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာ သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဌာနဝန်ထမ်းများ စုစုပေါင်း (၁၂၆)ဦး ပထမနေ့ တွင်တက်ရောက်ခဲ့ကြပြီး ဇူလိုင်လ (၁၁)ရက်နေ့တွင်လည်း ကျေးရွာအုပ်စု(၂၁)အုပ်စုမှ သင်တန်းသား(၁၂၆)ဦးကို ဆက်လက်ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဖောင်းပြင် (ပြန်/ဆက်)