မင်္ဂလာ ဒုံ ၁၀ ဇူလိုင်
(၇၂)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်း ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတို့ကို မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီ က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ငြိမ်းအိက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းမှ တတိယတန်း ကျောင်းသား/ ကျောင်းသူများအား လေးစားအားကျ အတုယူ ဖွယ်ကောင်းသော အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ သမိုင်းကြောင်းကို သိရှိစေရန်ဟောပြောခဲ့သည်။
ထို့နောက်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က အသီးသီးယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးမှူးနှင့်ဝန်ထမ်းများ ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ကလေးငယ်များကို ပဲနို့ရည်နှင့် မုန်များဝေငှပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)


