ပုလော ၁၀ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၁၀ ရက် နံနက် (၉) နာရီခွဲက သံဃာတော် (၅)ပါးပင့်ဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ လယ်ကျွန်းဝဆရာတော်မှ ငါးပါးသီလ ချီးမြှင့်ပေးခဲ့ပြီး ဝါဆိုသင်္ကန်း ကပ်လှူရသည့် အကျိုးအကြောင်းကို ဆရာတော်အရှင်သူမြတ်များက သြဝါဒချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကာ အလှူဒါနကုသိုလ်များအတွက် ရေစက်ချ အမျှပေးဝေကာ သာဓုခေါ်ဆိုခဲ့ကြပြီး ဆရာတော်များအား နေ့ဆွမ်းများ ကပ်လှူခဲ့ကြသည်။
ထူးဝေယံ(ပြန်/ဆက်)


