မြောက်ဦး ၁၁ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ ကယ်ဆယ်ရေးစခန်းများသို့ ခိုလုံရောက်ရှိနေသော ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဌာန မှ ဝန်ထမ်းများက ဇူလိုင် ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က စတင်ကာ အဆိုပါ ကယ်ဆယ်ရေး စခန်းများသို့သွားရောက်၍ ဆေးဖြန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆေးဖြန်းပေးခြင်းကို ငှက်ဖျား အင်စပက်တော် ဦးကျော်ဆန်းလင်း ဦးဆောင်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေး သံသယလူနာအိမ်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ခိုလုံရာကယ်ဆယ်ရေးစခန်းများ ဖြစ်သော သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၊ အောင်စေတီဘုရားသိမ် အစရှိသော ကယ်ဆယ်ရေးစခန်း ပတ်ဝန်းကျင် အနီးအနားနေရာများ၊ ခြုံနွယ်ထူထပ်သောနေရာများနှင့် ယာယီလူနေ အဆောက်အဦများကို ဆေးဖြန်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


