ကံမ ၁၁ ဇူလိုင်


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ရာ မြို့ပေါ်ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က မမေ့အပ်သောအာဇာနည်နေ့ ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား ကျောင်းသူများက ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိ ကိုယ်ရေးအချက်အလက်များနှင့် ဗိုလ်ချုပ်မိန့်ခွန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN