သုံးခွ ၁၁ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို လောကမာရ်ရဇိန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စောင့်ရှောက်မှုလုပ်ငန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး(ဆရာဝန်)ဒေါက်တာ အေးချမ်းသက်ထွန်းဦးက ကျောင်းသားကျောင်းသူလေးများအား သွားနှင့်ခံတွင်း၊ အနာကြီးရောဂါ၊ လည်ပင်းကြီးရောဂါ၊ အရေပြားရောဂါ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ အထွေထွေကျန်းမာရေးနှင့် ပညာပေးလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးကြရာ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


