ကလေးဝ ၁၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအဖြစ် အသိပညာပေးဟောပြောခြင်း၊ ကျောင်းဈေးဆိုင်များ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးဟောပြောပွဲတွင် ဒေါက်တာမို့မို့လွင် (သွားကျန်းမာ)က စနစ်တကျ သွားတိုက်နည်းကို ကျောင်းသား ကျောင်းသူကလေးများနှင့်အတူ သွားတိုက်နည်း မှန်ကန်စေရန် အဆင့်ဆင့်ပြသဆောင်ရွက်ပေးပြီး ရာသီတုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကာကွယ်နည်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းဈေးဆိုင်များတွင် ကျန်းမာရေးနှင့်အညီ ရောင်းချခြင်းရှိ၊မရှိ၊ ရက်လွန်စားသောက်ကုန်များ ရောင်းချခြင်းရှိ၊မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)


