ပဲခူး ၁၁ ဇူလိုင်


ပဲခူးမြို့နယ် ကမ်းမြင့်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်နှုန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးသွားပြီ်ဖြစ်သဖြင့် လုပ်ငန်းပြီးစီးမှုအခြေအနေအား ဇူလိုင်လ ၁၀ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။


ကမ်းမြင့်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀) ရာခိုင်နှုန်း (၈၉)သိန်းကျပ်နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၁၀၉.၁) ဖြင့် ဆောင်ရွက်ခဲ့သော ရွာလယ်ကွန်ကရစ်လမ်းသည် (၁၅၀ဝ'×၆'×၆")ရှိပြီး ကျေးရွာဖွံဖြိုးရေး လမ်းကော်မတီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ရွာလယ်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးသွားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ပြီဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များပါ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။


တင်စိုး(ပဲခူး)