နေပြည်တော် ၁၁ ဇူလိုင်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီး Mr. Joao Freitas de Camara အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ နိုင်ငံတကာခရီးသည်များ လွယ်ကူစွာ သွားလာလည်ပတ်နိုင်စေရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဗီဇာဖြေလျော့ပေးထားမှု၊ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်းနှင့် ခရီးစဉ်ဒေသများကို နိုင်ငံတကာသို့ မြှင့်တင်ကြော်ငြာနိုင်ရေးအတွက် Digital Marketing လုပ်ငန်း ဆောင်ရွက်နေမှု၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


