နေပြည်တော် ၁၁ ဇူလိုင်


    
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၉ ခုနှစ်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ဘူတာကြီး ပရဝုဏ်ရှိ စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။


    
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးနှင့် ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။


    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးများနှင့် ၎င်းတို့၏ဇနီးများက ရတနာတန်းဝင်ကျွန်းပင်များအား စိုက်ပျိုးပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အရာထမ်း/ အမှုထမ်းများ၏ ရတနာတန်းဝင် ကျွန်းပင် ၂၀ဝ အား တစ်ပျော်တစ်ပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ 

 

သတင်းစဉ်