နေပြည်တော် ၁၁ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွယ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ (ICRC) မှ ဖွင့်လှစ်မည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းအစီအစဉ်တွင် မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့် FMD ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ICRC မှ စီမံကိန်းဆောင်ရွက်လိုသော ဒေသများ၏ အစိုးရအဖွဲ့တို့ထံမှ သဘောထားများနှင့် ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းထားသောကော်မတီများ၏ သဘောထားများရယူရေး၊ စီမံကိန်း ဆောင်ရွက်ရေးအတွက် နှစ်ဖက် RoD လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


